Friday 14 October 2022

သင်သိပြီးပြီလား

  • Ariel Institute သင်တန်းသား သင်တန်းသူများ အသုံးပြုမဲ့ Edu mail တွေမှာ Microsoft 365 ပါဝင်ပြီးသားဖြစ်ပါတယ်။
  • သင်တန်းသား သင်တန်းသူများအနေနဲ့ Microsoft 365 ကို အသုံးပြုလိုပါက www.office.com မှာ ဝင်ရောက်အသုံးပြုရုံပဲဖြစ်ပါတယ်။
  • Online Access ဖြစ်တာကြောင့် ကွန်ပျူတာမပါခဲ့ရင်တောင် မိတ်ဆွေတွေဆီက ငှားပြီး Account ထဲ log in ဝင်လိုက်တာနဲ့ ကိုယ့်ရဲ့ Documents တွေအကုန် ပြန်ကြည့်လို့ရပါတယ်။
  • Free version မှာ သုံးလို့မရတဲ့ Premium Features တွေကိုပါ သုံးလို့ရတာကြောင့် အင်တာနက်ရရှိဖို့ လိုအပ်တာကလွဲရင် သုံးရတာ အတော်လေး အဆင်ပြေပါတယ်။

Log in ဝင်နည်း

  • မိမိ tablet, computer တွင် browser မှ တစ်ဆင့် www.office.com သို့သွားပါ။
  • [email protected] ကို ထည့်လိုက်တာနဲ့ Ariel institute ရဲ့ Log in Screen ပေါ်လာမှာ ဖြစ်ပါတယ်။
  • မိမိရဲ့ Password ကို ထည့်လိုက်တာနဲ့ Microsoft 365 apps တွေကို စတင်ပြီး သုံးလို့ရပြီဖြစ်ပါတယ်။



ပါဝင်သော Services များ



  • Microsoft Office Word, Excel, PowerPoint

ကွန်ပျူတာနှင့် ရင်းနှီးတဲ့လူတိုင်း သိကြတဲ့ Word, Excel, PowerPoint တို့ကို Licensed premium version အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Office 2021 ဝယ်မယ်ဆို $249 ကျသင့်မှာဖြစ်ပေမဲ့ ကျွန်တော်တို့ရဲ့ Microsoft Academic plan မှာတော့ free ဖြစ်ပါတယ်

  • Microsoft forms

Microsoft forms ကို Survey များ ကောက်ခြင်း၊ သင်တန်းစာရင်းပေးခြင်း တို့တွင် အသုံးပြုနိုင်ပါသည်။ Quiz များပြုလုပ်၍လဲ စာမေးပွဲစစ်နိုင်ပါသည်။ Google Forms ထက်ပိုမိုကောင်းမွန်ပါသည်။

  • Microsoft Outlook

သင်တန်းတွင် အသုံးပြုမည့် Microsoft Email server ဖြစ်ပါသည်။ Mail Storage 50GB ရရှိမည်ဖြစ်ပြီး Free email များအားလုံးထက် များပြားသော ပမာဏဖြစ်ပါသည်။ Email ပို့ခြင်း၊ လက်ခံခြင်းတို့တွင် အသုံးပြုမည်ဖြစ်ပြီး Edu domain ပါဝင်သောကြောင့် အသုံးချတတ်လျှင် လွန်စွာ အကျိုးရှိမည်ဖြစ်ပါသည်။

  • Microsoft Teams

နိုင်ငံတကာတက္ကသိုလ်များတွင် ရေပန်းအစားဆုံး app ဖြစ်ပါသည်။ Assignment ထပ်ခြင်း၊ Video ဖြင့် စာသင်ခြင်း၊ အစည်းဝေးများတွင် File Sharing ပြုလုပ်ခြင်းများတွင် အသုံးပြုနိုင်ပါသည်။ Google Classroom နှင့် Zoom ကို ပေါင်းစပ်ထားသော ပုံစံဖြစ်ပါသည်။

  • Microsoft One drive

သင်တန်းသား/ သင်တန်းသူများသည် Cloud storage Unlimited ရရှိမည်ဖြစ်ပါသည်။ Google Drive Premium နှင့်တူညီပြီး အချိန်မရွေး file များ သိမ်းခြင်း၊ Download ရယူခြင်းများကို လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။