Thursday 13 October 2022

Ariel Institute မှာ ဘာသင်တန်းတွေရှိလဲ?

လက်ရှိမှာတော့ သင်တန်း ၁ ခုပဲ ရှိပါသေးတယ်။ Basic Computer နဲ့ Internet courses တွေပဲ ဖြစ်ပါတယ်။ Basic Computer Course မှာဆိုရင် Windows OS အခြေခံ၊ Microsoft Word နဲ့ PowerPoint အသုံးပြုခြင်း၊ Software နှင့် ဂိမ်းများ Download and install ပြုလုပ်ခြင်းများ ပါဝင်မှာဖြစ်ပါတယ်။ Basic Internet Course မှာဆိုရင် browser အသုံးပြုခြင်း၊ Email တစ်ခု စနစ်တကျ တည်ဆောက်အသုံးပြုခြင်း၊ Blog တစ်ခုတည်ဆောက်ခြင်းတို့ ပါဝင်မှာဖြစ်ပါတယ်။ Microsoft teams အသုံးပြုပြီး Online Class တစ်ခု တည်ဆောက်ပုံပါဝင်မှာဖြစ်သလို Office 365 apps များ အခြေခံအသုံးပြုပုံကိုလဲ ရှင်းလင်းသွားမှာပါ။ အသေးစိတ်ကိုတော့ www.arielinstitute.com မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။


Ariel Institute မှာ ကျောင်းတက်ပါ

Ariel institute ဟာ Microsoft မှာ Registered ပြုလုပ်ထားတဲ့ သင်တန်းဖြစ်တာမို့ ကျောင်းအပ်လိုက်ပြီဆိုတာနဲ့ Office 365 for Academic License ကို ရရှိမှာဖြစ်ပါတယ်။ ကျောင်းနာမည်နဲ့ Email တစ်ခုရရှိမှာဖြစ်ပြီး အဆိုပါ Email နဲ့ Office 365 apps တွေကို online access တရားဝင်အသုံးပြုလို့ ရမှာဖြစ်ပါတယ်။ ကျောင်းဝင်ကြေးသွင်းပြီးတာနဲ့ နှစ်သစ်ရာ သင်တန်းတစ်ခုကိုလဲ Free တစ်လ တက်ခွင့်ရရှိမှာဖြစ်ပါတယ်။

Office 365 online ဆိုတာ?

Office 365 online မှာ Microsoft office Word, Excel, PowerPoint, Outlook, Teams, One drive စတဲ့ လူသုံးများတဲ့ Apps တွေ ပါဝင်မှာ ဖြစ်ပါတယ်။ Crack version တွေသုံးပြီး အာရုံမနောက်တော့ဘူးပေါ့။ Outlook mail အတွက် 50 GB free ရရှိမှာဖြစ်ပါတယ်၊ One Drive အတွက် Unlimited cloud storage ရရှိမှာဖြစ်ပါတယ်။ (ဝယ်သုံးရင်တောင် 1 TB ပဲ ရမှာပါ) ။  

ဘာအာမခံချက်တွေရှိမှာလဲ?

Ariel Institute မှာ တက်ခဲ့တဲ့ သင်တန်းတိုင်းကို Certificate ထုတ်ပေးမှာဖြစ်ပြီး ပျောက်ဆုံးခဲ့ရင်တောင် Soft copy ကို အချိန်မရွေး ကျောင်း Website မှာလဲ Download ဆွဲနိုင်မှာဖြစ်ပါတယ်။ သင်တန်းတစ်ခုပြီးဆုံးသွားတိုင်း သက်ဆိုင်ရာဘာသာရပ်ကို ကျွမ်းကျင်စွာ အသုံးချနိုင်မယ်လို့ အာမခံပါတယ်။